Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
တိုက်ကြီးမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ ကျင်းပ
Oct 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ် ခွေးကကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Oct 23,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကံကြီးကျေးရွာအုပ်စု ခွေးကကျေးရွား၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဩဂုတ်လ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်၌ စိုက်ပျိုးထားသော မြေပဲများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရန် တောင်သူများအနေဖြင့် မျှော်လင့်
Oct 23,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဇောင်ဂျမ်းကုန်း တောင်ကွင်းတွင် စိုက်ပျိုးထားသော အထွက်တိုးမြေပဲများ ရာသီဥတုကောင်းမွန်ပြီး မိုးရေရရှိတာကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ မြေပဲများတူးဖော်ချိန်တွင် ဈေးကောင်းရရန် တောင်သူများအနေဖြင့် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပရိဘောဂနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကျင်းပ
Oct 23,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပရိဘောဂနှင့်စာအုပ်၊ စာစောင်များပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် အာဆီယံသပြေပန်း စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Oct 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်ပိုင်တစ်နိုင် အာဆီယံသပြေပန်း စိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိ နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ် အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 23,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်ပညာရေးမှူးရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည် မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (၁၄)နှင့် အ.ထ.က(၂၂) တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှု လျှော့ချရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲနိုင်ရေးတို့အတွက် နေပြည်တော် ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Oct 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှုလျော့ချရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲနိုင်ရေးတို့အတွက် နေပြည်တော်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၂) ၌ကျင်းပရာ နေပြည်တော်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Oct 23,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2688
Page
2689
Page
2690
Page
2691
Current page
2692
Page
2693
Page
2694
Page
2695
Page
2696
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department