သတင်းများ

ကျိုင်းတုံမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပရိဘောဂနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကျင်းပ
Oct 23,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပရိ‌ဘောဂနှင့်စာအုပ်၊ စာစောင်များပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဟုမ္မလင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် အာဆီယံသပြေပန်း စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Oct 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်ပိုင်တစ်နိုင် အာဆီယံသပြေပန်း စိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိ နေကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 23,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်ပညာရေးမှူးရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည် မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (၁၄)နှင့် အ.ထ.က(၂၂) တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှု လျှော့ချရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲနိုင်ရေးတို့အတွက် နေပြည်တော် ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Oct 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှုလျော့ချရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲနိုင်ရေးတို့အတွက် နေပြည်တော်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၂) ၌ကျင်းပရာ နေပြည်တော်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Oct 23,2024
မန္တလေးတိုင်း​ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်​ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယ​မန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မိုင်းယန်းမြို့၌ (Old Star) ဘောလုံးဖလား ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Oct 23,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (Old Star) ဘောလုံးဖလား ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။
ဆေးတက္ကသိုလ်-မန္တလေး၊ စာပေနှင့် အနုပညာအသင်း "အနုပညာပျိုးခင်း" နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Oct 23,2024
ဆေးတက္ကသိုလ်-မန္တလေး၊ စာပေနှင့် အနုပညာအသင်း၏ ပထမအကြိမ် "အနုပညာပျိုးခင်း" နံရံကပ်စာစောင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဆေးတက္ကသိုလ် ဆင်ဝင်အောက်တွင် ကျင်းပပြုလုပ်ရာ ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာမျိုးသက်တင်၊ စာပေနှင့် အနုပညာအသင်းဥက္ကဋ္ဌ၊ ဆေးဝါးဗေဒဌာန၊ ပါမောက္ခဌာနမှုး ဒေါက်တာနွယ်နွယ်သန်းနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ စာပေနှင့် အနုပညာအသင်းမှ တာဝန်ရှိသူများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
သရက်ချောင်းမြို့နယ်(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပ
Oct 23,2024
ကျောင်းသား/သူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပခဲ့သည်။