မောက်မယ်မြို့၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ပြီးစီး
Oct 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့က စတင်ပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ အသီးသီးတို့တွင် ကောက်ကွက်ပေါင်း (၁၄၂) ကွက်တို့၌ ကောက်ကွက်တစ်ခုလျှင် စာရင်းကောက်(၄)ဦး၊ စာရင်းစစ် (၁) ဦး ပေါင်း (၅) ဦးဖြင့် စာရင်းကောက်/ စာရင်းစစ် (၅၅) ဦး (၁၁) ဖွဲ့တို့က အောက်တိုဘာ ၁၆ ရက်နေ့တွင် ကောက်ယူခြင်းပြီးစီးကြောင်းသိရသည်။