ညောင်ဦး အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းအထင်ကရဘုရားများတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့ ည ၇ နာရီအချိန်မှစတင်ကာ ဗုဒ္ဓဘုရားရှင်အားရည်ရွယ်၍ ဆီမီးပူဇော်ခဲ့ကြကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းအထင်ကရဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရားကြီးတွင် ဆီမီးနှစ်သောင်းပူဇော်ခြင်း၊ ဗူးဘုရားတွင် ဆီမီးငါးထောင်ပူဇော်ခြင်း၊ ငှက်ပစ်တောင်ဘုရားတွင် ဆီမီးငါးထောင်ပူဇော်ခြင်း၊ အလိုတော်ပြည့်ဘုရားတွင် ဆီမီးတစ်သောင်းပူဇော်ခြင်း၊ သဗ္ဗညုဘုရားကြီးတွင် ဆီမီးသုံးထောင်ပူဇော်ခြင်း၊ အာနန္ဒာဘုရားကြီးတွင် ဆီမီးငါးထောင်ပူဇော်ခြင်း၊ မဟာဗောဓိဘုရားကြီးတွင် ဆီမီးတစ်ထောင်ပူဇော်ခြင်း၊ တုရင်တောင်စွယ်တော်မြတ်စေတီတွင် ဆီမီးငါးထောင်ပူဇော်ခြင်း၊ ဓမ္မရံကြီးဘုရားတွင် ဆီမီးသုံးထောင်ပူဇော်ခြင်း၊ စူဠာမဏိဘုရားတွင် ဆီမီးသုံးထောင်ပူဇော်ခြင်း၊ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးတွင် ဆီမီးတစ်သောင်းပူဇော်ခြင်းနှင့် ဓမ္မရာဇကဘုရားကြီးတွင် ဆီမီးငါးထောင်ပူဇော်ခြင်းတို့ဖြင့် ဗုဒ္ဓမြတ်စွာဘုရားရည်မှန်း၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များမှ ဆီမီးပူဇော်ခြင်းနှင့်မြန်မာပြည်အရပ်ရပ် ဘုရားဖူးလာပြည်သူများမှ ဆီမီးပူဇော်ခဲ့ကြကြောင်းသိရပြီး အလိုတော်ပြည့်ဘုရား မီးပုံးပျံကွင်းတွင် မီးပုံးပျံလွှင့်တင်ခြင်းများဖြင့် ဗုဒ္ဓဘုရားရှင်အား ပူဇော်ဦးခိုက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း