ပြည် အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်စေတီတော်မြတ်ကြီး (၁၄) ကြိမ်မြောက်အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကိုပုညကရဏဓမ္မရူံတော် (သုံးတပ်ဆောင်) ၌ ယနေ့ညနေ့ ၅နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ရှေးဦးစွာ တရားနာပရိတ်သတ်အပေါင်းတို့က နမောတဿဗုဒ္ဓပဏာမ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ရွှေဆံတော်ဂေါပကအဖွဲ့၏သြဝါဒါစရိယ၊ ဘဒ္ဒန္တကုမာရဆရာတော်ဘုရားကြီးထံမှ တရားနာပရိတ်သတ်အပေါင်းတို့က (၉) ပါး သီလခံယူကြပြီး ဆရာတော်ကြီးများက မေတ္တာသုတ်စသော ပရိတ်တရားတော်မြတ်များ ရွတ်ဘာသ်သရဇစျာယ် မေတ္တာပို့ပေးတော်မူကြပြီး လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ကိုယ်စား ဂေါပကအဖွဲ့ဝင်အလှည်ကျ ဂေါပကဦးမြဝင်းက အဘိဓမ္မာအခါတော်နေ့ ကျင်းပရခြင်းအကြောင်း လျှောက်ထားသည်။
ထို့နောက် သြဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်များ ဆက်ကပ်လှူဒါန်းကြပြီး ပြည်မြို့ ဇောတိကရုံပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီး၏ တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တဥတ္တမသီရိဆရာတော်ဘုရားကြီးက အနုမောဒနာတရားနှင့် ရေစက်သွန်ချ တရားချီးမြှင့်ပေးတော်မူသည်။
အဆိုပါ အဘိဓမ္မာအခါတော်နေ့အခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဒေသကွပ်ကဲရေး ဗိုလ်မှူးချုပ် စိုးဦးဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းများ တရားနာပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကို နမောတဿဗုဒ္ဓပဏာမ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြတ်စွာဘုရားရှင်အား ဆုတောင်းပြည်ချမ်းသာရဝတ်အသင်းက ဘုရားပင့်ပြီး ဝံသာနုရက္ခိတဝတ်အသင်းက သမ္မာဒေဝနတ်ဗဗြဟ္မာများကို ဖိတ်ကြားသည်။
ယင်းနောက် မဘိဓမ္မာပြန်ပွားရေးအသင်းက အဘိဓမ္မာ (၇) ကျမ်းကို ရွတ်ဖတ်ပူဇော်သည်။ ဝတ်အသင်းအားလုံးက ဒိဿာဖရဏမေတ္တာပွားခြင်း အမျှဝေဆုတောင်ပေးခြင်းများ ပြုလုပ်ပေးကြသည်။
ယင်းနောက် သီရိဓမ္မာကန်လည်ရွှေဟင်္သါဝတ်အသင်းက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပေးပြီး အခမ်းအနား ဒုတိယပိုင်းကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)