သတင်းများ

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြား
Oct 18,2024
၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ပြည်လုံးချမ်းသာဘုရားကြီးနှင့် ဧးစေတီများအား ဖူးမြော်အလှူငွေများ လှူဒါန်း၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) သီတင်းကျွတ်မီးထွန်းပွဲတော်တက်ရောက် ဆီမီးပူဇော်
Oct 18,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့သည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးနှင့် ကပ်ကျော်ရန်ပြေမာန်ပြေဧးစေတီများအား ဖူးမြော်ကြည်ညိုကာ အလှူငွေများလှူဒါန်းပြီး ညနေပိုင်းတွင် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်၌ ကျင်းပသော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) သီတင်းကျွတ်မီးထွန်းပွဲတော်သို့ တက်ရောက်ပြီး ဆီမီးများ ထွန်းညှိပူဇော်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း-မန္တလေး-ရန်ကုန် လေယာဉ်ခရီးစဉ်မှ ခရီးသည်များအား နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်
Oct 18,2024
MAIအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း-မန္တလေး- ရန်ကုန်လေယာဉ်ခရီးစဉ်မှ ခရီးသည်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်လေဆိပ်သို့သွားရောက်၍ ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများ၊ မီးထွန်းပွဲတော် ဆင်နွှဲသူများနှင့် စည်ကားများပြား
Oct 18,2024
၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။
သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေ၌ အပန်းဖြေရေးကစားသူများဖြင့် အထူးစည်ကားလျက်ရှိ
Oct 18,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စက်စဲကမ်း​ခြေ၌ ယနေ့နံနက်ပိုင်းမှစတင်၍ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
သီတင်းကျွတ်ရုံးပိတ်ရက်ကာလ ချောင်းသာကမ်းခြေ၌ အပန်းဖြေသူများဖြင့် စည်ကား
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ချောင်းကမ်းခြေ၌ သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားလျက်ရှိရာ ယမန်နေ့က ချောင်းသာကမ်းခြေတစ်လျှောက်တွင် အပန်းဖြေသူ၊ ရေကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဘုရားဖူးပြည်သူများဖြင့် စည်ကား
Oct 18,2024
မန္တလေးတိုင်ဒေသကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်း ပူဇော်
Oct 18,2024
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ယမန်နေ့ ညပိုင်း၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။