ဓနုဖြူမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဓနုဖြူ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးနှင့် ပိဋကတ်သုံးပုံကျောက်စာတိုက်ကြီး၏ ဘုရားဝန်းအတွင်းတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ဓနုဖြူမြို့နယ်၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးရေဝတထံမှ သီလတရားနာယူကာ ရေစက်ချအမျှအတန်း ပေးဝေခဲ့ပြီး၊ ဘုန်းတော်ကြီးကျောင်း (၃၆) ကျောင်းမှ ဆရာတော်၊ သံဃာတော်အပါး (၁၂၀) တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များမှ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ စုစုပေါင်း တန်ဖိုးငွေကျပ် (၉၆၆၇၀၀၀)ကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)