မောက်မယ် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့က စတင်ပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ အသီးသီးတို့တွင် ကောက်ကွက်ပေါင်း (၁၄၂) ကွက်တို့၌ ကောက်ကွက်တစ်ခုလျှင် စာရင်းကောက်(၄)ဦး၊ စာရင်းစစ် (၁) ဦး ပေါင်း (၅) ဦးဖြင့် စာရင်းကောက်/ စာရင်းစစ် (၅၅) ဦး (၁၁) ဖွဲ့တို့က အောက်တိုဘာ ၁၆ ရက်နေ့တွင် ကောက်ယူခြင်းပြီးစီးကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်ထဲမှ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မောက်မယ် မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းအား အဆင်ပြေချောမွေ့စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းဥက္ကဋ္ဌနှင့် သန်းခေါင်စာရင်းကော်မတီဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် Volunteerများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်မှုကြောင့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် သတ်မှတ်ကောက်ကွက်များအားလုံး စနစ်တကျ ကောက်ယူဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)