တွံတေးမြို့နယ်၌ ကျန်းမာရေးစစ်တမ်းကောက်ယူခြင်း ဆောင်ရွက်
Oct 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အုန်းပင်စုရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဖြစ်နေသောရောဂါများ၊ ကျန်းမာရေးစောင့်ရှောက်မှုအသုံးပြုပုံနှင့် ၎င်းးတို့၏မိသားစုအထောက်အပံ့များလေ့လာသည့် သုတေသနကျန်းမာရေးစစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။