သံဖြူဇရပ် အောက်တိုဘာ ၁၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေ၌ ယနေ့နံနက်ပိုင်းမှစတင်၍ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အဆိုပါ စက်စဲကမ်းခြေတွင် သီတင်းကျွတ် ရုံးပိတ်ရက် ကျောင်းပိတ်ရက်များဖြစ်သည့် ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ အပန်းဖြေလာရောက် ရေကစားသူများနှင့် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးအား လာရောက်ဖူးမျှော်ပြီးအပြန် စက်စဲကမ်းခြေသို့ဝင်ရောက် အပန်းဖြေရေကစားသူများဖြင့်လည်း အထူးစည်ကားလျက်ရှိရာ ရေကစားသူများစိတ်အေးချမ်းမြေ့စွာ အပန်းဖြေရေကစားနိုင်ရေး လုံခြုံရေးများထားရှိပြီး ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အတွင်းရှိ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သီတင်းကျွတ်လပြည့်နေ့မှစ၍ ကမ်းခြေတစ်လျှောက် အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)