မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဘုရားဖူးပြည်သူများဖြင့် စည်ကား

မဟာအောင်မြေ အောက်တိုဘာ ၁၈

မန္တလေးတိုင်ဒေသကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

၁၃၈၆ခုနှစ် ဝါကျွတ်အခါသမယ သီတင်းကျွတ်လပြည်‌နေ့မတိုင်မီ မဟာမုနိဘုရားကြီးမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများ စိတ်ချမ်း‌မြေ့ပျော်ရွှင်စွာ လာရောက်ဖူးမြော်ကြကြောင်းနှင့် မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားစေတီများမှာလည်း ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း၊ ဘုရားဖူးပြည်သူများအား အဟာရဒါနအဖြစ်လည်း အလှူအတန်း၊ အ‌ကျွေးအမွေး‌များဖြင့် နေရာအနှံ့တွေမှာ အလှူဒါကုသိုလ်ရှင်များကလည်း ကုသိုလ်ဒါပြု၍ စည်းကားလျက်ရှိကြောင်း၊ ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံ အထင်ကရဘုရားစေတီပုထိုးများမနက် တစ်ခုအပါအဝင်ဖြစ်သည့် ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး မြန်မာ့ရိုးရာအလှကုန်ပစ္စည်းများ ရောင်းအားကောင်းလျက်ရှိကြောင်း၊ သီတင်းကျွတ်လပြည့်နေ့ညတွင်လည်း ယခင်နှစ်များကဲ့သို့ ဆီမီး (၄၀၀၀၀) ဖြင့် မဟာမုနိဘုရားကြီးအား ဂေါပကအဖွဲ့များနှင့် အများပြည်သူများစုပေါင်း၍ စည်ကားသိုက်မြိုက်စွာ ပူဇော်ခဲ့ကြပြီး လူဦးရေ နှစ်သိန်းကျော်ခန့် လာရောက်ဖူးမြော်လျက်ရှိ‌ကြောင်းလည်း ၎င်းကဆက်ပြော၍ သိရသည်။

အောင်ဇော်မင်း