သတင်းများ

အုတ်တွင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးနှင့် ဆေးအဖွဲ့များ နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်
Oct 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ခရိုင်ကုသရေးဦးစီးဌာနမှူးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများနှင့် ဆေးအဖွဲ့များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်က အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့တိုက်နယ်ဆေးရုံတွင် နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Oct 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်​ကောင်းများ ရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က(တပ်နယ်)ကျောင်းတွင်လည်ကောင်း၊ မွန်းလွဲ (၁) နာရီအချိန်တွင် အ.လ.က (ခွဲ) ပဲခူးလမ်းကျောင်းများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (စတုတ္ထအကြိမ်မြောက်) မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး ကျင်းပမည်
Oct 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (စတုတ္ထအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲကို နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နိုဝင်ဘာလ(၁)ရက်နေ့မှ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ
Oct 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုင်းရှူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Oct 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။
ဗိုလ်တထောင်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း(အဋ္ဌမမြောက်နေ့) ဆက်လက် ကွင်းဆင်းကောက်ယူ
Oct 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့နံနက်(၇)နာရီမှစတင်၍ အမှတ်(၁၀)နှင့် အမှတ်(၄)ရပ်ကွက်များ၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို (အဋ္ဌမမြောက်နေ့)ဆက်လက်ကွင်းဆင်းကောက်ယူလျက်ရှိသည်။
ရန်ကင်းမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး
Oct 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးတို့က ယနေ့နံနက် (၉)နာရီက အမှတ်(၅)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရန်ကင်းဂုဏ်ရည် စာကြည့်တိုက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်၊၊