ရန်ကင်းမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

ရန်ကင်း အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးတို့က ယနေ့နံနက် (၉) နာရီက အမှတ် (၅) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရန်ကင်းဂုဏ်ရည် စာကြည့်တိုက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်၊၊

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက စာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ စာအုပ်စာစောင်များရရှိမှု၊ အသင်းဝင်တိုးတက်မှု၊ စာဖတ်စာငှားတိုးတက်မှု၊ စာကြည့်တိုက်ဖွင့်လှစ်ချိန်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာ ရန်ကင်းဂုဏ်ရည်စာကြည့်တိုက်မှူး ဒေါ်ဥမ္မာမိုးနှင့် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်တပတ်လျှင် (၃) ရက်ဖွင့်လှစ်မှု၊ စာအုပ်စာစောင်အလှူခံရရှိမှုအခြေအနေများ၊ စာဖတ်စာငှား အသင်းဝင်တိုးတက်မှုအခြေ အနေများနှင့် ပတ်သက်၍ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက စာကြည့်တိုက်ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အောင်မြင်ရေးအတွက် ကော်မတီများအနေဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စာကြည့်တိုက် စနစ်တကျရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ဖွင့်လှစ်သည့် အ‌ခြေခံစာကြည့်တိုက် ပညာသင်တန်းမှ ပို့ချခဲ့သည့်အတိုင်း ဆောင်ရွက်ထားစေလိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက ဖွင့်လှစ်သည့် စာကြည့်တိုက်သင်တန်းများ၊ အလုပ်ရုံဆွေး‌နွေးပွဲများသို့လည်း တက်ရောက်စေလိုကြောင်း စသည်ဖြင့်‌ မှာကြားခဲ့ကြောင်း သိရသည်၊၊

စောစန္ဒာ (ပြန်/ဆက်)