ဟိုပုံး အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (စတုတ္ထအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲကို နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နိုဝင်ဘာလ(၁)ရက်နေ့မှ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ ဆရာတော်၊ သံဃာတော်များ ဦးဆောင်မှုဖြင့် နာဂပုရသာသနာလင်္ကာရသာမဏေကျော်အသင်းကို ၂၀၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲကို မြို့နယ်အဆင့်(ပထမအကြိမ်) ကျင်းပခဲ့ကြောင်း၊ နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ (ဒုတိယအကြိမ်)ကို နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးကျောင်းတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင် (၁၆၆၀)ပါးဖြင့်လည်းကောင်း၊ နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ (တတိယအကြိမ်)ကို နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင် (၂၀၈၆) ပါးဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီ ယခုအခါ နာဂပုရ သာသနာ လင်္ကာရသာမဏေကျော် စာမေးပွဲ(စတုတ္ထအကြိမ်)တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင် (၂၅၁၅)ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)