သတင်းများ

မိတ္ထီလာမြို့နယ် ပျော်ကုန်းခေတ်မီစံပြကျေးရွာတွင် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Nov 29,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ပျော်ကုန်းခေတ်မီစံပြကျေးရွာတွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က အဆိုပါကျေးရွာတွင် ကျင်းပခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပေါင်းတည်၌ တစ်နိုင်တစ်ပိုင် သံပုရာပေါင်းလုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုး
Nov 29,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်အတွင်း သံပုရာစိုက်ပျိုးခြံများမှ ထွက်ရှိသော သံပုရာသီးများဖြင့် တစ်နိုင်တစ်ပိုင် သံပုရာပေါင်းပြုလုပ်ကာ ထုတ်ပိုးရောင်းချခြင်း ဖြင့် မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။ 
ပေါင်မြို့နယ်၌ ကတိုက်ရေလှောင်တမံဆည်ရေသောက်စနစ် (၂၀၂၄-၂၀၂၅)ခုနှစ် နွေစပါးစိုက်ပျိုး ရေပေးဝေရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Nov 29,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကတိုက်ရေလှောင်တမံဆည်ရေသောက်စနစ် (၂၀၂၄-၂၀၂၅)ခုနှစ် နွေစပါးစိုက်ပျိုး ရေပေးဝေရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဖြူဘကျေးရွာ ကွင်းအမှတ် (၇၇၀)၌ ယမန်နေ့နံနက် (၁၁)နာရီက တောင်သူအသိပညာပေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Nov 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
မြို့သစ်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းမုန့်စျေးတန်းစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်
Nov 29,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
နတ်မောက်မြို့နယ်၌ စပါးမျိုး (၁၀) မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၌ စပါးရိတ်သိမ်းပွဲကျင်းပ
Nov 29,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စပါးမျိုး(၁၀)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်၌ စပါးရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက စာရံအိုင့်ကျေးရွာ ကွင်းအမှတ် (၈၃၆) ဦးပိုင်အမှတ် (၉၉)၊ ဧက(၂)ဧက မျိုးကွဲစမ်းသပ်ကွက်၌ စပါးရိတ်သိမ်းပွဲကျင်းပခဲ့သည်။
ကျိုင်းတုံမြို့၌ မိုင်းအခြေခံ(ဆင့်ပွား)သင်တန်း  အမှတ်စဉ် (၁/၂၀၂၄)ဆင်း
Nov 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် မိုင်းအခြေခံ(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကို ယနေ့က ကျိုင်းတုံမြို့၊  အမှတ်(၁) ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
Nov 29,2024
ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)တွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။