ဗိုလ်တထောင်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း(အဋ္ဌမမြောက်နေ့) ဆက်လက် ကွင်းဆင်းကောက်ယူ

ဗိုလ်တထောင် အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့နံနက်(၇)နာရီမှစတင်၍ အမှတ်(၁၀)နှင့် အမှတ်(၄)ရပ်ကွက်များ၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို (အဋ္ဌမမြောက်နေ့)ဆက်လက်ကွင်းဆင်းကောက်ယူလျက်ရှိသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်၌ စာရင်းစစ်၊ စာရင်းကောက်(၄၈)ဦးနှင့် Volunteer များက လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက်(၆၈)ချက် မေးမြန်းကာ Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ ရပ်ကွက်နေပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ပြည့်ပြည့်စုံစုံဖြေကြားခဲ့ကြောင်း သိရသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလှိုင်မောင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်စည်၊ အဖွဲ့ဝင်(၂)ဦးအောင်မိုးကျော်နှင့်မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးဝင်းရှိန်တို့က လှည့်လည်ကြီးကြပ်၍ မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့် ကြီးကြပ်မှုကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာကဏ္ဍ အလိုက် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဝင်း