မိုင်းဖြတ်မြို့နယ်၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြော
Dec 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက အိုက်ငို့ကျေးရွာအုပ်စု၊ ဟာကြားဟုန်ကျေးရွာခန်းမ၌ မီးခိုးမြူငွေ့ကင်စင်ရေး၊ တောင်ယာ၊ တောမီးရှို့ခြင်းများမပြုလုပ်စေရေး အသိပညာပေးဆွေးနွေးပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။