ပေါင်းတည်၌ လူငယ်ရေးရာနှင့်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ဆောင်ရွက်
Jun 12,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာတိုးပွား၍ ဆောင်ရန် ရှောင်ရန်များ သိရှိလာစေရန်နှင့်စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ၍ အသိပညာဗဟုသုတများတိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းက အ-မ-က (သိမ်ကြီးရပ်)နှင့် အမက(ရွှေတောင်လမ်း)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။