မိတ္ထီလာ မေ၂၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကို ယနေ့နံနက် ၉ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်အတွင်းမှလူရည်ချွန်ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းကျောင်းသူများအား ဂုဏ်ပြုဆုများနှင့် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသူကျောင်းသားများအတွက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် ကျောင်းပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ စာရေး ကိရိယာများနှင့် ကျောင်းဝတ်စုံများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ