သာစည်မြို့နယ်အခြေခံပညာကျောင်းများ၌ ဒုတိယရက်ထိ ကျောင်းသားကျောင်းသူ ၂၀၂၅၀ အပ်နှံပြီးဖြစ်

သာစည် မေ ၂၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်  ကျောင်းအပ်နှံလက်ခံခြင်းများကို မေ ၂၅ ရက်မှစတင်၍ သက်ဆိုင်ရာကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယရက်ထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀၂၅၀   အပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းအပ်လက်ခံပြီးသူ စုစုပေါင်း ၂၀၂၅၀ တွင် အခြေခံပညာအစိုးရကျောင်းများ၌ အပ်နှံပြီးသူ မူလတန်း အဆင့် ၁၃၇၉၉ ဦး၊ အလယ်တန်းအဆင့် ၅၆၃၀ ၊ အထက်တန်းအဆင့် ၆၃၃ ဦး၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ မူလတန်းအဆင့် ၁၇၆ ဦးနှင့်အထက်တန်းအဆင့် ၁၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် အခြေခံပညာကျောင်း ၂၁၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်းနှစ်ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ခြောက်ကျောင်းရှိကြောင်းသိရပြီး ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ အခြေခံပညာမူလတန်းအဆင့် ၁၃၀၉၉ ဦး၊ အလယ်တန်းအဆင့်တွင် ၄၈၉၉ ဦးနှင့် အထက်တန်းအဆင့်တွင် ၂၄၈၉ ဦးတို့ရှိ ကြောင်းသိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်