သတင်းများ

ပြင်ဦးလွင်မြို့နယ် စနိုးကွင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲ ကျင်းပ
Jun 13,2025
လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့‌ မွန်းလွဲ(၁)နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် စနိုးကွင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ စနိုးကွင်း ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
တိုက်ကြီးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်
Jun 13,2025
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်း ပြုလုပ်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-ပြည် လမ်းမကြီးတစ်လျှောက်နှင့် အိုးတန်းရပ်ကွက်၊ တောင်မြို့ပတ်လမ်းတို့၌ ဆောင်ရွက်လျက်ရှိသည်။
ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 13,2025
ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာပြည်သူများ၏ စုပေါင်းဆောင်ရွက်မှုဖြင့် တစ်ပိုင်တစ်နိုင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၈)နာရီက ကျေးရွာအဝင်လမ်းဘေးနှင့် အခြေခံပညာမူလတန်းကျောင်းဝင်းတွင် ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် မိုးစပါးရေကြီးနစ်မြှုပ် ပြန်လည်စိုက်ပျိုးခဲ့မှုများအား သဘာဝဘေးအစီအမံဖြင့် ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jun 13,2025
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရေကြီးနစ်မြှုပ်၍ ပြန်လည်စိုက်ပျိုးခဲ့သည့် တောင်သူများအား သဘာဝဘေးအစီမံဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ဇွန်လ ၁၀ ရက်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်း ကျန်းမာရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိ
Jun 13,2025
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း၊ကျန်းမာရေးအသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်များတွင် လူနေအိမ်များသို့ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြသည်။
တိုက်ကြီးမြို့နယ်တွင်(၆၇)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 13,2025
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်အရှင်သူမြတ်တို့အား အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့်(၆၇)ကြိမ်မြောက်စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့နံနက် ၈ နာရီက တိုက်ကြီးမြို့၊ပြည်လမ်း၊အိုးတန်းရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိတင်ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 13,2025
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်ခရိုင်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၈ ရက်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်းရှိလူနေအိမ်တို့တွင် ကျန်းမာရေးဌာနခွဲကစုပေါင်း၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အလုံမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ
Jun 13,2025
အလုံမြို့နယ်၌  လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက စောရန်ပိုင်အရှေ့ရပ်ကွက်ရှိ  အ.ထ.က (၄)ကျောင်း သီရိရတနာ ခန်းမတွင်ကျင်းပခဲ့သည်။