မြိတ် မေ ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မေ(၂၆)ရက် နံနက်ပိုင်းက ကျောက်ဖျာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
ဟောပြောရာတွင် မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်မောင်ဆန်းက “မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ”များကို အသိပညာပေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသူကြများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဟောပြောပွဲတွင် တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးသည်။ ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာဒေသခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )