သာကေတမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၄/ မြောက်ရပ်ကွက်အောင်ဇေယျလမ်းရှိ သဗ္ဗမင်္ဂလသာသနဗိမာန်တော်ကြီး၌ ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာကေတမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ၄/မြောက်ရပ်ကွက်၊ ၄ / တောင်ရပ်ကွက်နှင့် ၅/ရပ်ကွက်တို့အတွင်း ကွင်းဆင်းဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပေးအပ်ပွဲ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစံသိန်းက ပန်းခင်းစီမံချက်အဆင့်(၃)ကွင်းဆင်းပြုလုပ်ပေးရခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။