တံတားဦးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်
Jun 13,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ရေဘေးအန္တရာယ်ကျရောက် လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရေဘေးကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ကြကြောင်းသိရသည်။