ကော့သောင်းမြို့တွင် သက်သေခံပစ္စည်း Sulphuric Acid များမြေမြှုပ်ဖျက်ဆီး
Jun 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့မ ရဲစခန်း မယ(ပ)၇၇/၂၀၂၄ အမှုမှ သက်သေခံပစ္စည်း Sulphuric Acid ၁,၇၅၀ ကီလိုဂရမ်ခန့်အား မြေကျင်းတူး၍ ဒေသတွင်းမြေမြှုပ်ဖျက်ဆီးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စုရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်သည့်နေရာအနီးတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။