ပျော်ဘွယ်မြို့နယ်၌ အမိုနီယမ်နိုက်ထရိတ်နှင့်ဆက်စပ်သည့် ဓာတ်မြေဩဇာသိုလှောင်ရုံများ မီးဘေးအန္တရာယ် ကာကွယ်ရေးစစ်ဆေး

ပျော်ဘွယ် မေ ၂

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သောအဖွဲ့သည် စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များမှ သိုလှောင်ထားသော အမိုနီယမ်နိုက်ထရိတ်နှင့်ဆက်စပ်သည့် ဓာတ်မြေဩဇာများ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခြင်းကို မေ ၂၆ ရက် နံနက်(၁၀)နာရီခွဲက မြို့နယ်အတွင်းရှိ သိုလှောင်ရုံများသို့သွားရောက် ဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဆန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ဓာတ်မြေဩဇာသိုလှောင်ရုံတည်ဆောက်ထားမှု၊ လေဝင်လေထွက်ရရှိမှု၊ မီးလောင်လွယ်သောအခြားပစ္စည်းများနှင့်တွဲဖက်သိုလှောင်ခြင်း ရှိ/မရှိ၊ မီးငြိမ်းသတ်ရေးပစ္စည်းများအသင့်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာများ၊ လိုအပ်သောအကြံဉာဏ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)