ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (၅၀၉,၁၀၀,၀၀၀)ကျပ် ထုတ်ပေးပြီးစီး
Jun 12,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၉) ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ဇွန်(၁၂)ရက်နေ့အထိ ကျေးရွာ (၁၅)ရွာမှ တောင်သူ (၅၂၅)ဦး၏ စိုက်ဧက (၃၃၉၄)ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ (၅၀၉,၁၀၀,၀၀၀)ကျပ် ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။