ပုသိမ်ကြီး မေ ၂၆
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အထက ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမ၌ ကျင်းပသည်။
ဦးစွာ အထကပုသိမ်ကြီး ကျောင်းသားကျောင်းသူများက “တိုင်းနိုင်ငံအားလုံး ကျောင်းအပ်ကြ စို့ကွယ်” သီချင်းဖြင့် ဖွင့်လှစ်ပေးသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက ကျောင်းအပ်နှံရေးဆိုင်ရာ မူဝါဒများကို ရှင်းလင်းပြောကြားကာ နိုင်ငံတော်က အခမဲ့ဖြန့်ဝေသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံတို့အား တာဝန်ရှိသူများက ပေးအပ်ကြကြောင်း သိရသည်။
ဇာနည်ကိုကို ပြန်/ဆက်