သတင်းများ

ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့အခမ်းအနား တက်ရောက်
Oct 14,2024
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်း ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် နေရာဒေသများ၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခံရမှု၊ ထိခိုက်စေမှု၊ ဆုံးရှုံးစေမှုများမှ ကာကွယ်ပေးနိုင်ရန်၊ လျှော့ချပေးနိုင်ရန်၊ လျော့ပါးစေရန်နှင့် သဘာဝဖြစ်စဉ်များအပေါ် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးဖြန့်ဝေခြင်းစသည့် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ကယား ပြည်နယ်အတွင်း တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့၍ ဘီလူချောင်းနှင့် ပွန်ချောင်းတို့တွင် ချောင်းရေမြင့်တက်ခဲ့ပြီး လွိုင်ကော်နှင့်ဘောလခဲမြို့တို့တွင် ရေကြီးရေလျှံမှုူများ ဖြစ်ပွားခဲ့ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့သည် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးခြင်း၊ ကျောင်းသူကျောင်းသားများအတွက် ကျောင်းများစီမံဖွင့်လှစ်ပေးခြင်း၊ လှူဒါန်းမှုများအားလုံးကို ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ မျှတစွာရောက်ရှိအောင် စီမံပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီနှင့် ဖြစ်ပွားနေစဉ် လုပ်ဆောင်ရမည့်ကိစ္စရပ်များကို ထိထိရောက်ရောက် လုပ်ဆောင်ပါက ကြုံတွေ့နိုင်သည့် ဆုံးရှုံးမှုများလျှော့ချနိုင်မှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အရင်းအမြစ်များကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့နယ်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
Oct 14,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့တွင် စာရင်းစစ်/စာရင်းကောက်များမှ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ကွက်များတွင် စာရင်းကောက်ယူ ဆောင်ရွက်နေသည့် ပြည်သူများ၏ နေအိမ်သို့ ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်၊ Cyclone Shelter များ တည်ဆောက်နိုင်ရေး မြေနေရာများအား ကွင်းဆင်းစစ်ဆေး
Oct 13,2024
နှစ်စဉ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြု လုပ်ခဲ့ကြပြီး အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
မော်လမြိုင်မြို့ သာသနာနွယ်ဆရာတော်နှင့်အလှူရှင်များက ကလောမြို့နှင့်အင်းတိန်ကျေးရွာရှိ ရေဘေးသင့်ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Oct 13,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်၌ ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ဇေတဝန်ကျောင်းတိုက်၊ သာသနာနွယ်ဆရာတော် ဦးဆောင်၍ အလှူရှင်များက ကလောမြို့နှင့်အင်းတိန်ကျေးရွာရှိ ရေဘေးသင့်ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေနှင့်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျောက်ဆည်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Oct 13,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီက ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်
Oct 13,2024
ပျဉ်းမနားမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့်နေအိမ်မျောပါပျက်စီးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအားပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Oct 13,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မိုးသည်းထန်ခြင်း၊ ဇော်ဂျီမြစ်နှင့် ပန်းလောင်မြစ်ရေးများလျှံတက်မှုကြောင့် သီးနှံမျိုးစုံ(၇၃၈၉)ဧက ရေဝင်ရောက်မှုရှိခဲ့ပြီး (၃၃၇၅)ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယမန်နေ့ နံနက်ပိုင်းက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အုန်းပင်ခြံကျေးရွာ တောင်သူဦးထွေး၏ ကွင်းအမှတ်(၆၉)၊ ဦးပိုင်အမှတ်(၁၂၇)၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြ(၅)ဧက စပါးစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်
Oct 13,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။