သတင်းများ

ပခုက္ကူမြို့နယ်တွင် အိမ်ထောင်စု ၃၂၀၇စု သန်းခေါင်စာရင်းကောက်ယူပြီးစီး
Oct 14,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းကို အောက်တိုဘာလ (၁၀) ရက်နေ့မှစတင်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စု (၃၂၀၇) စုအား သန်းခေါင်စာရင်းကောက်ယူပြီးစီးနေဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု ၉၂.၃ ရာခိုင်နှုန်း ပြီးစီး
Oct 14,2024
နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ပြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များရရှိရန်အတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမှု ၉၂.၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 14,2024
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု၊ တောင်ပြိုမြေပြိုမှုများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့်စပ်လျဉ်း၍ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဘီလူးချောင်း အမှတ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ(လောပိတ) ရေပြန်လည်ကျဆင်းရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
Oct 14,2024
ဘီလူးချောင်းရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှ တစ်ဆင့်ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း စက်တင်ဘာလ ၃၀ ရက်မှ စတင်၍ ရေများဝင်ရောက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်ရုံအတွင်း ရေထပ်မံဝင်ရောက်မှုမရှိစေရေး ရေကြီးရေလျှံမှုကာကွယ်နိုင်ရန်အတွက် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီးလက်ရှိတွင် ရေများပြန်လည်ကျဆင်းလျက်ရှိသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါခဲ့သည့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်
Oct 14,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါခဲ့သည့် မိသားစုဝင်များနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားသည်။
ငါးသိုင်းချောင်းမြို့၌ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသည့် ရှေးဦးပြုစုခြင်း(သာမန်)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲက ကြီးမှူးကျင်းပသည့်ရှေးဦးပြုစုခြင်း(သာမန်)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့အခမ်းအနား တက်ရောက်
Oct 14,2024
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်း ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် နေရာဒေသများ၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခံရမှု၊ ထိခိုက်စေမှု၊ ဆုံးရှုံးစေမှုများမှ ကာကွယ်ပေးနိုင်ရန်၊ လျှော့ချပေးနိုင်ရန်၊ လျော့ပါးစေရန်နှင့် သဘာဝဖြစ်စဉ်များအပေါ် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးဖြန့်ဝေခြင်းစသည့် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ကယား ပြည်နယ်အတွင်း တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့၍ ဘီလူချောင်းနှင့် ပွန်ချောင်းတို့တွင် ချောင်းရေမြင့်တက်ခဲ့ပြီး လွိုင်ကော်နှင့်ဘောလခဲမြို့တို့တွင် ရေကြီးရေလျှံမှုူများ ဖြစ်ပွားခဲ့ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့သည် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးခြင်း၊ ကျောင်းသူကျောင်းသားများအတွက် ကျောင်းများစီမံဖွင့်လှစ်ပေးခြင်း၊ လှူဒါန်းမှုများအားလုံးကို ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ မျှတစွာရောက်ရှိအောင် စီမံပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီနှင့် ဖြစ်ပွားနေစဉ် လုပ်ဆောင်ရမည့်ကိစ္စရပ်များကို ထိထိရောက်ရောက် လုပ်ဆောင်ပါက ကြုံတွေ့နိုင်သည့် ဆုံးရှုံးမှုများလျှော့ချနိုင်မှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အရင်းအမြစ်များကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့နယ်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
Oct 14,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့တွင် စာရင်းစစ်/စာရင်းကောက်များမှ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ကွက်များတွင် စာရင်းကောက်ယူ ဆောင်ရွက်နေသည့် ပြည်သူများ၏ နေအိမ်သို့ ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။