သတင်းများ

လမ်းမတော်မြို့နယ် အ.လ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Oct 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အ.လ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း မြမာလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအခမ်းအနား တက်ရောက်
Oct 10,2024
၂ဝ၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအခမ်းအနားကို ​ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြိုင်ပွဲများ၏ အဆို ဘာသာရပ်၊ အကဘာသာရပ်နှင့် အတီးဘာသာရပ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြမှုအပါ် ကြည့်ရှုအားပေးခဲ့ကြသည်။
မောက်မယ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ
Oct 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များဖွံ့ဖြိုးတိုးတက်၍ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်း ကျင်းပ
Oct 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာရေးသူ ဒေါက်တာခင်မောင်ညိုရေးသားသော "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်သူ့စာကြည့်တိုက်၏ Book Club , Youth Clob, Women Club အဖွဲ့ဝင်များနှင့် စာချစ်သူများ တက်ရောက်ခဲ့ကြသည်။
သာစည်မြို့နယ်တွင် အင်ဂျင်စွမ်းအားသုံးလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ
Oct 10,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ဒေသခံတောင်သူများ စက်ပစ္စည်းကိရိယာများအသုံးပြုခြင်း အကျိုးကျေးဇူးများကို သိရှိနားလည်ခြင်းဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် ပိုမိုလျင်မြန်စွာ ကူးပြောင်းနိုင်မည်ဖြစ်ရာ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၆)စက်မှုလယ်ယာစခန်း သာစည်မြို့မှ အင်ဂျင်စွမ်းအားသုံး ခြောက်တန်းသွားလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းအမှတ် (၁၉၃၂) အင်းကုန်းကျေးရွာတောင်သူ ဦးအောင်မြင့်၏ လယ်မြေနှစ်ဧက၌ ပြုလုပ်ကြောင်း သိရသည်။
ကလောမြို့၌ ယာယီခိုလုံရေဘေးသင့်ကယ်ဆယ်ရေးစခန်းများ ပြန်လည်ပိတ်သိမ်း
Oct 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ နေ့အထိ မိုးသည်းထန်စာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်းများတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရုပ်ပိုင်းဆိုင်နှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များအားပေး ကူညီဖေးမအားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများ ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း မိုးဒဏ်ကြောင့် လမ်း၊ တံတားပျက်စီးမှုနှင့် ပြန်လည်ဆောင်ရွက်ထားရှိမှုများအာ သွားကြည့်ရှုစစ်ဆေး
Oct 10,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၈)ရက်နံနက်(၈)နာရီက မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း မိုးဒဏ်ကြောင့် ပျက်စီးသွားမှုနှင့် ပြည်လည်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလင်းမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးဒဏ်ကြောင့် ပျက်စီးသွားသည့် လမ်းပြန်လည်ပြုပြင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ ရေဘေးသင့်ပြည်သူများအား စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်း ဆောင်ရွက်
Oct 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်းအစီအစဉ်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၄ ရက်‌နေ့အထိ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် တောင်ငူမြို့ အမှတ်(၁)ရပ်ကွက်၊ (၁၈)ရပ်ကွက်နှင့် ဇီးဒိုင်းကျေးရွာအုပ်စုများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။