ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဖိတ်ခေါ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပ
Oct 14,2024
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဖိတ်ခေါ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ယမန်နေ့ညပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ ပြိုင်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြသည်။