Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ မိုးဦးမိုးဖြင့်စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး တစ်ဧက ၁၉ ဒဿမ ၃၂ တင်းခန့် ထွက်ရှိ
Oct 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းခြွေလှေ့နေကြကြောင်း သိရကာ တစ်ဧကလျှင် နေကြာသီးနှံ ၁၉ ဒဿမ ၃၂ တင်းခန့်ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့ ထားဝယ်လေဆိပ်မှ ထွက်ခွာ
Oct 10,2024
နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ထားဝယ်လေဆိပ်မှ ထွက်ခွာရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ အခက်အခဲမဖြစ်ပေါ်စေရေနှင့် အချိန်မီပြီးစီးရေး ကွင်းဆင်းကြီးကြပ်လျက်ရှိ
Oct 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကောက်ယူလျက်ရှိရာ လုပ်ငန်းများ သတ်မှတ်ချိန်အမီပြီးစီးရေးနှင့် လုပ်ငန်းလိုအပ်ချက်များမဖြစ်ပေါ်စေရေး မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက ယနေ့နံနက်ပိုင်းကစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကြီးကြပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 10,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း (အခြေခံ)သင်တန်း ဖွင့်လှစ်
Oct 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ် အဗျည်းလယ်ဦး စံပြကျေးရွာ၌ တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း (အခြေခံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘိုးဘွားရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အိမ်ထောင်စု (၄၆၂၆)စု ၈၁ ဒဿမ ၀၃ ရာခိုင်နှုန်း ပြီးစီး
Oct 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ထိ အိမ်ထောင် (၄၆၂၆) စု ၈၁ ဒဿမ ၀၃ ရာခိုင်နှုန်းပြီးစီးကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Oct 10,2024
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်း မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ သံဃာဆောင်၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်
Oct 10,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2447
Page
2448
Page
2449
Page
2450
Current page
2451
Page
2452
Page
2453
Page
2454
Page
2455
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department