သီတင်းကျွတ်လပြည့်နေ့တွင် ချမ်းအေးသာစံမြို့နယ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၌ ဧကဒသမအကြိမ်၏ (၁၃) ပတ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး  အောက်တိုဘာ ၁၇

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍   ဧကဒသမအကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို အောက်တိုဘာလ ၁၇ ရက် (သီတင်းကျွတ်လပြည့်)နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ ဘုံဆွမ်းလောင်းလှူပွဲတွင် မြတောင်တိုက်မှ သံဃာတော် အပါး(၂၅၀)တို့အား ပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု‌ငွေများ ဆက်ကပ်လောင်းလှူကြ‌သည်။

မန္တလေးမြို့‌ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ သံဃာ‌တော်အပါး(၂၅၀)စီကို အလှည့်ကျပင့်ဖိတ်၍ နှစ်စဉ် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဘုံဆွမ်းလောင်းလှူခဲ့သည်မှာ  ဆယ့်တစ်နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

အောင်စံ(ပြန်/ဆက်)