ကျောင်းကုန်းမြို့၌ ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဆီမီးထွန်းညှိပူဇော်

ကျောင်းကုန်း အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီး၌ ယမန်နေ့ သီတင်းကျွတ်အဖိတ်နေ့ ညနေပိုင်းက ဆွမ်းတော်ကြီးကပ်လှူကြပြီး၊ ညပိုင်းတွင် ဆီမီးများ ထွန်းညှိပူဇော်ခဲ့ကြသည်။

အလားတူ အမှတ် (၁) ရပ်ကွက် မိုဃ်းကောင်းဘုရားကြီးတွင်လည်းကောင်း၊ အမှတ် (၂) ရပ်ကွက် ရွှေဘုန်းပွင့်စေတီတွင်လည်းကောင်း၊ မှော်သေးရိုးချောင်းရှိ သုခပြည့်စုံဘေးရန်လုံစေတီတွင်လည်းကောင်း၊ အမှတ် (၄) ရပ်ကွက် အမတရောင်ခြည်ဘုရားဖြူတွင်လည်းကောင်း အသီးသီး ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ဆီမီးများထွန်း ညှိပူဇော်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)