ပင်းတယ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ ကွင်းဆင်းကောက်ယူခဲ့ရာ ရာနှုန်းပြည့်အောင်မြင်စွာ ကောက်ယူပြီးစီးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ပင်းတယမြို့နယ်တွင် (၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇) အုပ်စု၊ ကောက်ကွက်ပေါင်း (၁၆၈)ကွက်၊ ကျောင်းဆရာ/ဆရာမ (၆၃)ဦးရှိရာ စာရင်းစစ်/ စာရင်းကောက်ယူရေးအဖွဲ့ (၁၂) ဖွဲ့ခွဲ့၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရပ်ကွက်၊ ကျေးရွာများတွင် CAPIနည်းပညာဖြင့် Tablet အသုံးပြုပြီး အိမ်ထောင်စုပေါင်း(၂၁၉၁၃)စု၊ အဖွဲ့အစည်း(၄၃၄၅)ဖွဲ့တို့တွင် လူဦးရေ စုစုပေါင်း (၈၈၈၂၆)ဦးတို့ကို တစ်အိမ်တက်ဆင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)