လှိုင်းဘွဲမြို့နယ်၌ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ ကျင်းပ
Dec 28,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့အဝင် ပန်းခြံရှေ့၌ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့ နံနက်(၇)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီမဟာမင်္ဂလဇောတိက ဦးစောမြင့်ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်အား/ကာ ဦးစီးမှူး ဒေါ်မိနန္ဒာမွန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။