သတင်းများ

မိုးနဲမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်းသင်တန်း (၂/၂၀၂၄)ဆင်းပွဲ ကျင်းပ
Dec 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)၏ ဦးဆောင်မှုဖြင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၂/၂၀၂၄) ဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နေ့ညနေပိုင်းက မြို့နယ်ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧက အကောင်အထည်ဖော် စိုက်ပျိုးထားရှိ
Dec 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေးနှင့် နေကြာသီးနှံကို တောင်သူအချင်းချင်း မျိုးသန့်ပွား သုံးစွဲနိုင်စေရန် ရည်ရွယ်၍ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧကကို ဒေသခံအကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ထားဝယ်မြို့တွင် ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်
Dec 30,2024
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများအချင်းချင်း ပူးပေါင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများ ဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ စည်းကာသိုက်မြိုက်စွာ ကျင်းပသည်။
ငမိုးနဲမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆင်တောင်(လွိုင်စန့်)ဘုရားစေတီ ရှေးမူမပျက် ပြုပြင်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Dec 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဆင်တောင်(လွိုင်စန့်) ဘုရားစေတီရှေးမူမပျက် ဘက်စုံပြုပြင်နိုင်ရေးအတွက် ရှမ်းပြည်နယ်‌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးဘုန်းကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဂေါပကဥက္ကဋ္ဌ ဦးတိုးလှနှင့် ဆင်တောင်(လွိုင်စန့်) ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် ကြီးကြပ်‌ရေးကော်မတီအတွင်းရေးမှူး ဦးစိုင်းမောင်ကြီးတို့က ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီအချိန်တွင်  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ
Dec 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ(၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပလျက်ရှိရာပွဲတော်သို့ လာရောက်သူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၂၈) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Dec 30,2024
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၂၈)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အမှတ်(၂)အ.ထ.ကနှင့် စံပြကျောင်းသားဟောင်းကြီးများ၏ (၂၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ
Dec 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ယခင်စံပြကျောင်း၊ ကျောင်းသား၊ကျောင်းသူဟောင်းကြီးများ၏ (၂၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲကို၊ ယမန်နေ့ နံနက် (၉)နာရီက အဆိုပါကျောင်းရှိ ပညာဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် လက်ရိုက်အုတ်များ ဝယ်လိုအားမြင့်၍ လုပ်သားနှင့်လုပ်ငန်းရှင်များ အဆင်ပြေ
Dec 30,2024
မွန်ပြည်နယ် မုဒုံမြို့နယ်၌ လက်ရိုက်အုတ်များကို နိုဝင်ဘာလမှ မေလအထိ လုပ်ကိုင်ကြပြီး ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်မှုများပြားသောကြောင့် လက်ရိုက်အုတ်များ ဝယ်လိုအားမြင့်တက်လာ၍ လုပ်ငန်းရှင်များနှင့် လုပ်သားများ အဆင်ပြေလျက်ရှိသည်။