သတင်းများ

ပေါင်မြို့နယ်၌ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ
Dec 28,2024
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မြတ်ဆရာပူဇော်ပွဲ  အခမ်းအနားကို ယနေ့နံနက်က အ.ထ.က ပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးမြို့၊ ရတနာပုံဥယျာဉ်တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 28,2024
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပထမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်း၊ ၁၉လမ်း(နန်းမြို့)ဦးထိပ်တံတားတွင် ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ ပညာရေးမိသားစုငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏၂၀၂၃-၂၀၂၄၊ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Dec 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် ပညာရေးမိသားစုငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄၊ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 28,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ   
Dec 28,2024
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချ  မျှဝေနိုင်ရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလောမြို့၌ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးအထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Dec 28,2024
ရပ်နှီးရပ်ဝေးမှ အများပြည်သူခရီးသွားဧည့်သည်များအစိုးရ ရုံးပိတ်ရက်ရှည်တွင် မိသားစုများဖြင့် လာ‌ရောက်အပန်းဖြေနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို မောမြေဦးပန်းခြံ၌ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
ရေကြည်မြို့နယ်၌ ကျောင်းအခြေပြု တီဘီရောဂါသံသယလူနာ ကွင်းဆင်းရှာ‌ဖွေစစ်ဆေးကုသခြင်း ဆောင်ရွက်
Dec 28,2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြုတီဘီရောဂါ သံသယလူနာ ကွင်းဆင်းရှာ‌ဖွေစစ်ဆေးကုသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က အခြေခံပညာမူလတန်း ဘုရားကြီးကုန်းကျောင်းခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ကျောင်းအခြေပြု တီဘီရောဂါစမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို  အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်
Dec 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ စမ်းသပ်ရှာဖွေ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။