ကလော ဒီဇင်ဘာ ၂၈
ရပ်နှီးရပ်ဝေးမှ အများပြည်သူခရီးသွားဧည့်သည်များအစိုးရ ရုံးပိတ်ရက်ရှည်တွင် မိသားစုများဖြင့် လာရောက်အပန်းဖြေနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို မောမြေဦးပန်းခြံ၌ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
ဈေးရောင်းပွဲတော်တွင် လာရောက်လည်ပတ်ကြသူသည့် ပြည်သူများစိတ်ပျော်ရွှင်နိုင်ရေးအတွက် နိုင်ငံကျော်တေးသံရှင်အဆိုတော်များနှင့် DJ အဖွဲ့များက ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ လူသုံးကုန်ပစ္စည်းနှင့် အသုံးအဆောင်များ၊ စားသောက်ဖွယ်ရာဈေးဆိုင်းများ၊ အပျော်စီး ပင်လယ်ဓားမြပါဝင်မည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ကလောမြို့ကို လာရောက်လည်ပတ်ကြမည့်ပြည်သူများအနေဖြင့် လည်ပတ်နိုင်စရာအထင်ကရ နေရာများကတော့ ကလောနှီးဘုရား၊ ရွှေဥမင်သဘာဝလိုဏ်ဂူ၊ မြင်းမထိသဘာဝလိုဏ်ဂူ၊ သူရဲဥမင်လိုဏ်ဂူ၊ ကလောဘူတာ၊ နာရီစင်၊ ကလောမြို့မဈေးနှင့် ဗျူးပွိုင့်များဖြစ်သည့် kalaw view point၊ ရေယောင်းမ view point ၊kalaw city view ၊ တောင်မင်းကြီးခုံပြာ၊ မြင်းကအိုးစည်တောင်၊ ဗျိုက်တောင်နှင့် အခြားလည်ပတ်စရာနိုင်စရာများရှိကြောင်း ဒေသခံများ ပြောကြားချက်အရသိရသည်။
မြို့နယ်(ပြန်/ဆက်)