ရေကြည်မြို့နယ်၌ ကျောင်းအခြေပြု တီဘီရောဂါသံသယလူနာ ကွင်းဆင်းရှာ‌ဖွေစစ်ဆေးကုသခြင်း ဆောင်ရွက်

ရေကြည် ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြုတီဘီရောဂါ သံသယလူနာ ကွင်းဆင်းရှာ‌ဖွေစစ်ဆေးကုသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က အခြေခံပညာမူလတန်း ဘုရားကြီးကုန်းကျောင်းခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးလင်း၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြိုနယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း၍ ကျောင်းသား၊ကျောင်းသူများအား တီဘီရောဂါလက္ခဏာများနှင့် တီဘီရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း ၊ တီဘီရောဂါဖြစ်ပွား စေတတ်သော အကြောင်းအရာများအား ကျန်းမာ‌ရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း (၂၅၉)ကျောင်းတို့တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ တီဘီရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် တီဘီရောဂါ စောစီးစွာ ရှာဖွေဖော်ထုတ်ကုသနိုင်ရန် ရည်ရွယ်ပြီး (၂၆-၁၂-၂၀၂၄)မှ စတင်၍ (၁၀-၁-၂၀၂၅)ထိ ကျန်းမာရေး၊ပညာ‌ရေးရေးဝန်ထမ်းများက ကွင်းဆင်းရှာ‌ဖွေစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)