ပေါင်မြို့နယ်၌ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ

ပေါင် ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မြတ်ဆရာပူဇော်ပွဲ  အခမ်းအနားကို ယနေ့နံနက်က အ.ထ.က ပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က ပေါင် ကျောင်းသား၊ကျောင်းသူဟောင်းများအဖွဲ့က အာစရိယဂုဏောအန‌န္တော တေးသီချင်းနှင့်မြတ်ဆရာ‌တေးသီချင်းတို့ဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး  ပေါင်မြို့နယ် ပညာရေးမှူးဒေါ်စန်းစန်းအေးက ဆရာများကို ယခုလိုဆုံတွေ့ရလို့ရင်ထဲမှာအတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါ‌ကြောင်း၊ နောင်နှစ်တွေမှာလည်း ဆုံတွေ့ခွင်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းနှုတ်ခွန်းဆက် စကား‌ပြောကြားခဲ့သည်။

ထို့နောက်ပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်ပေးခြင်း၊ ဆရာကြီး၊ ဆရာမကြီးများကလည်း ဩဝါဒစကားများ မြွက်ကြားခြင်းများပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပေါင်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ အင်အား (၄၀၀) ဦးမှဂါရပြုခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)