သတင်းများ

လမ်းမတော်မြို့နယ်တွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အခမဲ့ဖြန့်ဝေ
Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ၏ ရင်ထဲ၌ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းနေစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက လူစည်းကားရာ နေရာများ၊ စာသင်ကျောင်းများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကမာရွတ်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အ​နောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယ​မန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် "(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့" အထိမ်းအမှတ်  အသိပညာပေး သတင်းစကား လက်ကမ်းစာစောင် များအား မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများအပါအဝင် လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
မြေပုံမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 28,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နေ့လယ်ပိုင်းတွင် မြေပုံမြို့ရှိ အခြေခံပညာ ကျောင်းများ၊မြို့မဈေး နှင့် ဒေသခံပြည်သူများကို အခမဲ့ဖြန့်ဝေပေးကြသည်။
ကြည်မြင်တိုင်မြို့နယ်တွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Nov 28,2021
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၁နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲကို သာဓုအနောက်ရပ်ကွက်၊‌‌ ေအာင်သုခဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် " ခေါင်းဆောင်ကောင်းနှင့်စကား ပြောစွမ်းရည် " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ 
Nov 28,2021
ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ လူငယ်များ အနေဖြင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community  Centre  ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်" စာအုပ်ဖြင့်ယမန်နေ့ (၁၀.၃၀)နာရီက  စာဖတ်ဝိုင်းကျင်းပ  ဆောင်ရွက်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး၏ ရှာဖွေကယ်ဆယ် ရေး (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Nov 28,2021
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင်များအား သဘာဝ ဘေးအန္တရာယ်အပါအဝင် ရုတ်တရတ်မတော်တဆ ဖြစ်ပွားသော ဘေးအန္တရာယ်များ ကျရောက် လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား) သင်တန်း၊ အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျုံပျော်မြို့ ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Nov 28,2021
ကျောင်းသား၊ ကျောင်းသူများ အမျိုးသား‌အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဦးတည်ချက်နှင့် အနှစ်သာရတို့ကို နားလည်သိရှိ‌‌စေရန်နှင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။ 
စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ LUF–60 မီးသတ်စက်ယာဉ်အသစ် အသုံးပြုမှု/အသုံးဝင်မှု လက်တွေ့ သရုပ်ပြသ
Nov 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ LUF– 60 မီးသတ်စက်ယာဉ် အသစ် အသုံးပြုမှု/ အသုံးဝင်မှု လက်တွေ့ရှင်းလင်းပြသခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါ ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။