သတင်းများ

ဘိုကလေးမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကျင်းပ
Nov 28,2021
ကျောင်းသားလူငယ်များနှင့် အများပြည်သူများ အမျိုးသားနေ့ကို သတိတရ အမှတ်ရစေရေးနှင့် အမျိုးသား ရေးစိတ်ဓာတ်များ ရှင်သန်ပေါက်ဖွားစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် နိုဝင်ဘာ (၂၆)ရက် ညနေ(၃) နာရီ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကျင်းပ ဆောင်ရွက်သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၆/၂၀၂၁)အစည်းအဝေး တက်ရောက်
Nov 27,2021
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁)အစည်းအဝေးကို   ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ
Nov 27,2021
သထုံခရိုင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေး ဌာနနှင့် ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ​အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် လူထုအခြေပြု ဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့၌  မြို့နယ်ကြက်ခြေနီအသင်းခွဲမှ  ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်းဖွင့်လှစ်
Nov 27,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ် ကြက်ခြေနီအသင်း ခွဲမှ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်း Trauma First Aid Training ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီက မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ကုန်းဇောင်းဈေးအား မီးဘေးလုံခြုံရေးအတွက် တာဝန်ရှိသူများ အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 27,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ကုန်းဇောင်းကျေးရွာ စည်ပင်သာယာဈေးအား မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ညနေ ၃ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ခံ မီးသတ်ဦးစီးမှူး ဦးဟန်ဇာကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မက်မန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Nov 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)လုပ်ငန်းကို လုပ်ငန်းဆောင်ရွက်မည့် မက်မန်းမြို့နယ် ဆွတ်ဝိုးအုပ်စု ရောင်ပန်ကျေးရွာသို့ နိုဝင်ဘာလ ၂၆ ရက်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့မဈေးကြီးအား ပုံမှန်သတ်မှတ်ချိန်အတိုင်း ပြန်လည်ဖွင့် လှစ်ရောင်းချခွင့်ပေး
Nov 27,2021
မိတ္ထီလာမြို့ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသည့်ဈေးဆိုင်ခန်းများနှင့် ဈေးရောင်းချသူများ အား နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး ပုံမှန်သတ်မှတ်ချိန်ဖြစ်သော နံနက် ၆ နာရီ ၃ဝ မိနစ်အချိန်မှ ညနေ ၅ နာရီအချိန်အထိ ဖွင့်လှစ်ရောင်းချခွင့်ပေးထားကြောင်း အဆိုပါမြို့မဈေးရုံးမှ တာဝန်ရှိသူ ထံက သိရသည်။
ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ခိုလှုံနေကြသည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  စတုတ္တအသုတ် ပထမအကြိမ်စတင်ထိုးနှံ
Nov 27,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs  စခန်းတို့တွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် (၁၀) နာရီက စတင်ထိုးနှံပေးသည်။