လမ်းမတော်မြို့နယ်တွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အခမဲ့ဖြန့်ဝေ

လမ်းမတော် နိုဝင်ဘာ   ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသား  အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ၏ ရင်ထဲ၌ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းနေစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက လူစည်းကားရာ နေရာများ၊ စာသင်ကျောင်းများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ  လက်ကမ်းစာစောင်တွင်  ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ၂၀၂၁ ခုနှစ်  ဧပြီ ၁၁ ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြော ကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသား‌ရေးစိတ်ဓာတ်အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊  အမျိုးသားအောင်ပွဲနေ့အစရှိသည့် အကြောင်းအရာများ၊ ရေနံ့သာမောင်ကျော်ညွန့် ရေးသားသော ဘုန်းရှင့်မြန်မာ တို့မြန်မာ ၊ကဗျာ အစရှိသည့် ဗဟုသုတရရှိမည့် အကြောင်းအရာများပါဝင်သည့် သတင်းစကားလက်ကမ်းစာ‌စောင်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက စောင်ရေ (၁၀၀၀၀၀)ကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ကျော်ဆန်းမြင့်