သတင်းများ

ကျုံပျော်မြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းဝန်း သန့်ရှင်း သာယာ‌လှပရေး စုပေါင်းဆောင်ရွက်
Nov 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ စေတီပုထိုးနှင့် ဘုန်းတော်ကြီး ကျောင်းဝန်း သန့်ရှင်းသာယာ‌လှပရေး စုပေါင်းဆောင်ရွက်ခြင်းကို ပင်လုံရပ်ကွက်ရှိ ထန်းတော ဘုန်း‌တော်ကြီး ကျောင်းဝန်းအတွင်း၌ ယမန်နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 
ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်
Nov 28,2021
ရှမ်းပြည်နယ်‌ (မြောက်ပိုင်း)မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်စည်ပင်သာယာ‌ရေးပိုင်မြို့မစျေးကြီး၌ မီးဘေး လုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့နံနက် (၀၉:၀၀) တွင် အဆိုပါဈေး၌ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ တွေ့ဆုံညှိနှိုင်း
Nov 28,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီးနှင့် တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ တွေ့ဆုံညှိနှိုင်းပွဲကို ယမန်နေ့ နံနက်၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်တွေ့ဆုံ၍ စည်ပင်သာယာရေးလုပ်ငန်းများအား စီမံကိန်း၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားသည်။
မန်းရွှေစက်တော်ဘုရားကြီးတွင် ဓာတ်လှေကားတာဝါဆောက်လုပ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီးတင့်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်ဦးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဓါတ်လှေကားတာဝါ ဆောက်လုပ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှဝ့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်
Nov 28,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးသို့ သွားရောက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်  ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့်  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေးထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ ညနေ ၅ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြိုနယ် အနောက်လေးအိမ်ကျေးရွာနှင့် အုတ်ဖိုကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
ဘူးသီးတောင်မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ( ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 28,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်( ၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံ ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဘူးသီးတောင်မြို့အထက(၁) စာသင်ကျောင်း၌ စုရပ်ထားရှိ ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Nov 28,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(မတ္တရာ)မှ ကျောင်းသား ကျောင်းသူ များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။