ကြည်မြင်တိုင်မြို့နယ်တွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၈

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့်  ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၁နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲကို သာဓုအနောက်ရပ်ကွက်၊‌‌ ေအာင်သုခဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရည်ရည်မွန်က မိတ်ဆက်စကား‌ပြောကြားပြီး စာရေးဆရာမတင့်တယ်ခင်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု တစ်လျှောက်တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာ ကြိုးပမ်းခဲ့ရာတွင် အမျိုးသားအောင်ပွဲနေ့သည်လည်း သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်ရာမှ တစ်မျိုးသားလုံး နိုးကြားလာပြီး နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးစိတ်ဓါတ်များပေါ်ပေါက်လာပြီး လွတ်လပ်ရေးရယူနိုင်ခဲ့ပုံနှင့် ထိုနေ့ကိုပင် အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ဖြစ်ပေါ်လာပုံ အစရှိသည်တို့ကို ဟောပြောခဲ့ပါသည် ။

ဆက်လက်ပြီး (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင် အား ဟောပြောပွဲတက်ရောက်လာသူများအား ပေးအပ်ဖြန့်ဝေခဲ့သည်။

မြို့နယ်ပြန်/ဆက်