မြေပုံမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မြေပုံ နိုဝင်ဘာ ၂၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နေ့လယ်ပိုင်းတွင် မြေပုံမြို့ရှိ အခြေခံပညာ ကျောင်းများ၊မြို့မဈေး နှင့် ဒေသခံပြည်သူများကို အခမဲ့ဖြန့်ဝေပေးကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အေးအတူပူအမျှနိုင်ငံလုံး ဆိုင်ရာ ညီလာခံတွင်ပြောကြားခဲ့သည့် မိန့်ခွန်များ၊ နိုင်ငံတော် စီမံအုပ်အုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားသည့် ပညာရေးကဏ္ဍာသည် အရေးကြီးကြောင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပတ်မှောက်ရန်  သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသား ကြီး ၁၁ ဦးအမည် စသည်များ ပါဝင်ကြောင်းသိရသည်။

ဝင်းမင်းစိုး