ရန်ကုန် နိုဝင်ဘာ ၂၈
ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ လူငယ်များ အနေဖြင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်" စာအုပ်ဖြင့်ယမန်နေ့ (၁၀.၃၀)နာရီက စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီရိခိုင်မှ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးပုဇွန် တောင်မြို့နယ် စာရေးဆရာအသင်းမှစာရေးဆရာမ ဒေါ်မေမြတ်စန္ဒာမှ စာအုပ်ပါ အကြောင်း အရာများအား ဖတ်ကြားဆွေးနွေး ပြီးတက် ရောက်လာကြသည့် စာပေချစ်သူများမှလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြတ်သီရိခိုင်