ကျုံပျော် နိုဝင်ဘာ ၂၈
ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဦးတည်ချက်နှင့် အနှစ်သာရတို့ကို နားလည်သိရှိစေရန်နှင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
စာစီစာကုံးပြိုင်ပွဲ ခေါင်းစဉ်မှာ "အမျိုးသားအောင်ပွဲနေ့ တို့မမေ့"ဖြစ်ပြီး၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျမင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယာယီကျောင်းအုပ် ဆရာကြီး ဦးကျော်မိုးအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ စာစီစာကုံးဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများအား ကြည့်ရှူအားပေးခဲ့ကြသည်။
စာစီစာကုံးဖြေဆိုချိန်ကို နံနက် ၉ နာရီခွဲမှ ၁၁နာရီ ခွဲအထိ ဖြေဆိုချိန်(၂)နာရီသတ်မှတ်ပေးထားပြီး၊ အဖြေလွှာများကို သက်ဆိုင်ရာ ဆရာ၊ ဆရာမများက စစ်ဆေး ပေးသွားမည်ဖြစ်ကာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူဆက်သူ့ဆက်ဆံရေးဦးစီးဌာနက ဆု များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး